,

   ပြည်တွင်းအခွန်များဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီနည်းပညာအသုံးချဘက်စုံလွှမ်းခြုံသော အခွန်စီမံခန့်ခွဲမှုစနစ်-Integrated Tax Administration System (ITAS) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET  RTGS System တို့ ချိတ်ဆက်၍ အချက်အလက်များရယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၁-၂-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စာရင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည် ဦးဆောင်သောအဖွဲ့ နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဦးဆောင်သောအဖွဲ့၊ ITAS Project ကျွမ်းကျင်ပညာရှင် Mr. Andre Schoonbee ၊ ITAS တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်သော Jv Sogema Technologies Inc (Lead) And Cowater Sogema International Inc ၏စနစ်ကျွမ်းကျင်သူများ တက်ရောက်၍ နှစ်ဦးနှစ်ဖက်ဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပိုမိုထိရောက်စွာ အကျိုးပြုနိုင်ရန် ITAS စနစ်အရ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။