,

   ပြည်တွင်းအခွန်များဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီနည်းပညာအသုံးချ ဘက်စုံလွှမ်းခြုံသော အခွန်စီမံခန့်ခွဲမှုစနစ်-Integrated Tax Administration System (ITAS) နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသောစနစ်တို့ ချိတ်ဆက်၍ အချက်အလက်များရယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၃-၂-၂၀၁၉ ရက်နေ့ နေ့လည် ၀၂:၀၀ နာရီတွင် နေပြည်တော်၊ ကုန်သွယ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာအဆိုပါအစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့ နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဦးဆောင်သောအဖွဲ့၊ ITAS Project ကျွမ်းကျင်ပညာရှင် Mr. Andre Schoonbee ၊ ITAS တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်သော Jv Sogema Technologies Inc (Lead) And Cowater Sogema International Inc ၏စနစ်ကျွမ်းကျင်သူများ တက်ရောက်၍ နှစ်ဦးနှစ်ဖက်ဌာနများပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပိုမိုထိရောက်စွာအကျိုးပြုနိုင်ရန် ITAS စနစ်အရ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။