,

   ပြည်တွင်းအခွန်များဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီနည်းပညာအသုံးချဘက်စုံလွှမ်းခြုံသောအခွန်စီမံခန့်ခွဲမှုစနစ်-Integrated Tax Administration System (ITAS) နှင့် ငွေတိုက်ဦးစီးဌာနတို့ ချိတ်ဆက်၍ ငွေစာရင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၁-၂-၂၀၁၉ ရက်နေ့ နေ့လည် ၀၂:၀၀ နာရီတွင် နေပြည်တော်၊ ငွေတိုက်ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးကို ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်သောအဖွဲ့ နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဦးဆောင်သောအဖွဲ့၊ ITAS Project ကျွမ်းကျင်ပညာရှင် Mr. Andre Schoonbee ၊ ITAS တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်သော Jv Sogema Technologies Inc (Lead) And Cowater Sogema International Inc ၏စနစ်ကျွမ်းကျင်သူများ တက်ရောက်၍ နှစ်ဦးနှစ်ဖက်ဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပိုမိုထိရောက်စွာအကျိုးပြုနိုင်ရန် ITAS စနစ်အရ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။