,

   ပြည်တွင်းအခွန်များဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီနည်းပညာအသုံးချ ဘက်စုံလွှမ်းခြုံသောအခွန်စီမံခန့်ခွဲမှုစနစ်-Integrated Tax Administration System (ITAS) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ MyCo-Myanmar Companies Online Registration စနစ်တို့ ချိတ်ဆက်၍ အချက်အလက်များရယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၄-၂-၂၀၁၉ ရက်နေ့ နေ့လည် ၀၁:၀၀ နာရီတွင် ရန်ကုန်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးကို DICA မှ ညွှန်ကြားရေးမှူး ဦးမျိုးမင်း ဦးဆောင်သောအဖွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဦးဆောင်သောအဖွဲ့၊ ITAS Project ကျွမ်းကျင်ပညာရှင် Mr. Andre Schoonbee ၊ ITAS တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်သော Jv Sogema Technologies Inc (Lead) And Cowater Sogema International Inc ၏စနစ်ကျွမ်းကျင်သူများ တက်ရောက်၍ နှစ်ဦးနှစ်ဖက်ဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပိုမိုထိရောက်စွာ အကျိုးပြုနိုင်ရန် ITAS စနစ်အရ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။