စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် မြန်မာကုမ္ပဏီ/လုပ်ငန်းရှင် (၁၀၀၀) ဦး စာရင်းအား ၁၅-၁၀-၂၀၁၈ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် www.irdmyanmar.gov.mm တွင် လွှင့်တင်ခြင်းဖြင့်လည်းကောင်း ၊ မြန်မာကုမ္ပဏီ/လုပ်ငန်းရှင်(၁၀၀၀) ဦးစာရင်းအနက် (၅၀) ဦးစာရင်းအား    မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းခြင်းဖြင့်လည်းကောင်း ၊ အများပြည်သူသိရှိနိုင်ပါရန် အသိပေးကြေညာခဲ့ပါသည်။

    ထိုသို့ အသိပေးဖော်ပြရာတွင် အောက်ဖော်ပြပါ ကုမ္ပဏီ/လုပ်ငန်းရှင်နှင့်ပတ်သက်၍ ကြေညာချက်တွင်မပါဝင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် အဆိုပါကုမ္ပဏီ၏ အခွန်ပေးသွင်းမှုအဆင့်၊ အခွန်ပေးသွင်းမှုပမာဏတို့အား အောက်ပါအတိုင်း မြန်မာကုမ္ပဏီ/လုပ်ငန်းရှင်စာရင်းတွင် ဖြည့်စွက်ကြေညာအပ်ပါသည်-

အဆင့် အခွန်ထမ်းအမည် ​နေရပ်လိပ်စာ ရုံး/ဌာန လုပ်ငန်းအမျိုးအစား မှတ်ချက်
သန်း (၂၀၀၀) အောက်
၇၇ Shwe Mya Thar Trading Co.,Ltd အမှတ်-၉၀၈၊ဓမ္မစေတီလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး LTO Trading  

    စာရင်းပြုစုမှုစနစ် အားနည်းချက်ကြောင့် အခွန်အများဆုံးပေးသွင်းသူ စာရင်းအနည်းငယ် အပြောင်းအလဲ ရှိသွားခြင်းအပေါ် အနူးအညွှတ်တောင်းပန်အပ်ပါကြောင်း ဖော်ပြအပ်ပါသည်။