• ဘားအံမြို့ စက်တင်ဘာလ ၂

    Spectrum-Sustatinable Development Knowledge Network မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်သော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် ပြည်သူ့အခြေပြုတာဝန်ခံယူမှုဆိုင်ရာ နည်းလမ်းများ၊ ကွန်ယက်များချိတ်ဆက်ခြင်းပွဲအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ် Than Lwin Paradise Hotel သံလွင်ခန်းမ၌ ၁-၉-၂၀၁၈ ရက်နေ့မှ ၃-၉-၂၀၁၈ ရက်နေ့အထိ ၃ ရက် ကြာကျင်းပပြုလုပ်ခဲ့ရာ ၂-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၅:၀၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အခွန် ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန်က အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ NGO, INGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့ အစည်းများမှအင်အား ၃၀ ဦးတက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလို သည်များကိုမေးမြန်းခဲ့ကြရာ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၄

    နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၄-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ၌ EU My Governance Project မှ Mr. Maarten de Zeeuw, Mr. Kevin John Holmes, Junior National Coordinator ဒေါ်ရန်နိုင်စိုးတို့နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်တို့ တွေ့ဆုံ၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးကိစ္စများတွင် အပါအဝင်ဖြစ်သော အခွန်ဥပဒေပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၃

  • ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အခွန်စီမံခန့်ခွဲမှုနှင့် အခွန်စည်းကြပ်မှုလုပ်ငန်းများတွင် ခေတ်မီ ICT နည်းပညာများဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Commerical-Off-The-Shelf (COTS) Product ဖြစ်သည့် Integrated Tax Administration System (ITAS) စနစ်ကို ကမ္ဘာ့ဘဏ်၏ ချေးငွေ/ထောက်ပံ့ငွေများဖြင့် ဝယ်ယူတပ်ဆင်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်တွင် အထောက်အကူ ဖြစ်စေရန်အတွက် ပြည့်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံဖြိုး တိုးတက်ရေးစီမံကိန်း (MPFMp) အစီအစဉ်အရ နိုင်ငံတကာ သတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်သူ အကြံပေးပုဂ္ဂိုလ် (International Position of Information Technology Expert (Individual Consultant) )ကို ငှားရမ်းရန် အဆိုပြုလွှာများ ဖိတ်ခေါ်ထားပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက World Bank ၏Website: http://projects.worldbank.org/p

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

    စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    လျှောက်လွှာခေါ်ယူခြင်း

    ကြော်ငြာစာအမှတ်၊ ၂/၂၀၁၈

    ၁၃၈၀ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  ၆  ရက်

    ( ၂၀၁၈ ခုနှစ် စက်တင်ဘာ  လ  ၁  ရက် )

    ၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးများအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်-

  • ဘားအံမြို့ သြဂုတ်လ ၃၁

    The Asia Foundition မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ပထမအကြိမ် စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာမျှဝေခြင်းဆွေးနွေးပွဲအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ် Than Lwin Paradise Hotel သံလွင်ခန်းမ၌ ၃၀-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈၀၂၀၁၈ ရက်နေ့အထိ ၂ ရက် ကြာကျင်းပပြုလုပ်ခဲ့ရာ ၃၁-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်၌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန်က အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ NGO, INGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့ အစည်းများမှအင်အား ၆၅ ဦးတက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များ ဦးစီးဌာန

    အောင်ဘာလေသိန်းဆုဌာနခွဲ

    ကြေညာချက်

    (၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက် )

     

    ၁။ အောက်တိုဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၁၉ )ကြိမ်မြောက် ကျပ် (၅၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

Pages