• နေပြည်တော် စက်တင်ဘာလ ၁၁

    ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲဆောင်ရွက်မှုများတွင် တစ်ရပ် အပါအဝင်ဖြစ်သော သတင်းအချက်အလက်နှင့်နည်းပညာ ပြုပြင်ပြောင်းလဲရေးစီမံချက်အား အကောင် အထည်ဖော်နိုင်ရန် Integrated Tax Administration System အသုံးပြုနိုင်ရေးအတွက် Sogema Technologist Team နှင့်တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၁-၉-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ စတင်ကျင်းပခဲ့ပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၁၂

    ပြည်တွင်းထုတ်အရက်အမျိုးမျိုးထုတ်လုပ်မှုအခြေအနေနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁:၃၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊ မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူ များအသင်းမှ အရက်ချက်စက်ရုံလုပ်ငန်းရှင် (၁၀) ဦး၊ အရက်ပုလင်းသွတ်လုပ်ငန်းရှင် (၁၀) ဦးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၁၁

  • နေပြည်တော် စက်တင်ဘာလ ၁၁

    နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၁-၉-၂၀၁၈ ရက်နေ့ နံနက် ၁၁:၀၀နာရီ၌ PwC အဖွဲ့မှ Mr. Chris Woo (Head of Tax, PwC Singapore), Mr. Paul Cornelius (Tax Partner, PwC Singapore), Mrs. Suk Peng Ding (Tax Director, PwC Myanmar) တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဦးစီးရုံးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီတို့ တွေ့ဆုံပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ PwC မှ လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပံ့ပိုးပေးလို ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၆

    နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၆-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီ၌ Paying Taxes Indicator ပါအထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ Paying Taxes Indicator ညွှန်းကိန်း တိုးတက်စေရေးနှင့်စပ်လျဉ်းသည့် ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဖူလုံရေးအဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒ)၊ စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အခွန်တံဆိပ်ခေါင်းများ ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူများသို့ အသိပေးကြေညာခြင်း

  •  

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

  • မြစ်ကြီးနားမြို့ သြဂုတ်လ ၃၀

    ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းနှင့် ကချင်ပြည်နယ်အခွန်ဦးစီး ဌာနမှူး ဦးအောင်ဝင်းတို့မှ အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်း မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  • ၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများအား အခွန်ငွေပေးဆောင် လျက်ရှိရာတွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် မိုဘိုင်းငွေပေးချေမှုနှင့် အီလက်ထရောနစ် ငွေပေးချေမှုများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကဘဏ်များတွင် အသုံးပြုလျက် ရှိသော ခေတ်မီ Digital Banking နည်းစနစ်များဖြစ်သည့် i-Banking ၊ Mobile Banking စနစ်များ အသုံးပြု၍လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ Mobile Payment စနစ်များ အသုံးပြုဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးလိုသည့် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများ အနေဖြင့် စိတ်ပါဝင်စားမှုဖော်ပြချက် အဆိုပြုလွှာများကို ပြည်တွင်းအခွန်များ ဦးစီးဌာန၊ရုံးအမှတ် (၄၆)၊ ရုံးချုပ်၊ နေပြည်တော်သို့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ရက် ၊ (၁၄:၀၀) နာရီ နောက်ဆုံးထား၍ ပေးပို့ရန် (၁၃-၈-၂၀၁၈) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ လည်းကောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.irdmyanmar.gov.mm

Pages