• စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန်များ လစဉ် ကျသင့်ခွန် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်

  • တောင်ကြီးမြို့၊ စက်တင်ဘာလ ၂၄

    ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂၄-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ရှမ်းပြည်နယ်အတွင်းရှိ ဒုတိယ ဦးစီးမှူးနှင့်အထက်အရာထမ်းများနှင့် တွေ့ဆုံ၍ အခွန်ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်တိုးတက်ကောက်ခံရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းစည်းကမ်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

  • နေပြည်တော် စက်တင်ဘာလ  ၂၀

           နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၂၀-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ၌ နော်ဝေနိုင်ငံ၊ Oil for Development Programme မှ Senior Advisor ဖြစ်သူ Ms. Tanja Ustvedt နှင့် Oil and Gas Expert ဖြစ်သူ Mr. Vidar Johan Ovesen တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်တို့တွေ့ဆုံပြီး Oil for Development Programme       (2018-2022) နှင့်စပ်လျဉ်း၍ annual work plan ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၁၈

         ၂၀၁၈−၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဥ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၁၈−၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ(မူကြမ်း)ပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  • နေပြည်တော် စက်တင်ဘာလ ၁၇

          ၂၀၁၈−၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဥ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၄:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် Dဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၁၈−၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ(မူကြမ်း)ပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  •                               

               

    ထားဝယ်မြို့ စက်တင်ဘာလ ၁၇

  • ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈ ခုနှစ် သြဂုတ်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

    နေပြည်တော် စက်တင်ဘာလ ၁၈

              ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်  ၂၀၁၈ ခုနှစ် သြဂုတ်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၁၉၁၄.၁၉၁ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၉၁% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၃၃၂.၄၇၁ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၄၄၅ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၅၈၁.၂၇၅ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

  • နေပြည်တော် စက်တင်ဘာ ၁၃

    နေပြည်တော်ရှိ Hilton Hotel၊ Gandamar Room (Building -1) ၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပပြုလုပ်နေသော Oil and Gas Reporting Workshop သို့ ပြည်သူ့လွှတ်တော်မှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ တာဝန် ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Oil & Gas Planning Department (OGPD)မှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) မှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရာ ထမ်း၊အမှုထမ်းစုစုပေါင်း (၃၂)ဦး တက်ရောက်လေ့လာဆွေးနွေးလျက်ကြောင်း သိရှိရပါသည်။

Pages