•   နေပြည်တော်ရှိ Hilton Hotel ၌ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့ များတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ကြီးမှူး၍ ကျင်းပပြုလုပ်နေသော Petroleum Fiscal Regimes Modeling Workshop သို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း (၇)ဦး တက်ရောက်လေ့လာ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အခွန်တံဆိပ်ခေါင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ဝယ်ယူနိုင်ကြောင်းနှင့်

    လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူအဖြစ် လျှောက်ထားနိုင်ကြောင်း

    အသိပေးကြေညာချက်

        ၁။  ပြည်သူလူထုတစ်ရပ်လုံး အခွန်တံဆိပ်ခေါင်းများကို အသုံးပြုရန်လိုအပ်ချိန်တွင် လွယ်ကူစွာ ဝယ်ယူရရှိရေးအတွက် အောက်ပါနေရာများတွင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ရောင်းချပေး လျက်ရှိပါသည်-

  • ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှု အခြေအနေအား အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ရန် ရည်ရွယ်၍ အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Revenue Forecasting Workshop)ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမတွင် ၁-၈-၂၀၁၈ ရက်နေ့မှ ၂-၈-၂၀၁၈ ရက်နေ့အထိ (၂)ရက် တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် World Bank မှ Economic Analyst Mr. Thanapat Reungsri နှင့် IMF မှ Policy and Legal Adviser Mr. Michael Oomen တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲမှ အရာထမ်း/အမှုထမ်း (၁၁)ဦးနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ အရာထမ်း/အမှုထမ်း (၃)ဦး စုစုပေါင်း ဝန်ထမ်း (၁၄)ဦးတို့က တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

  • ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂-၈-၂၀၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ညောင်ပင်ကြီးစုရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး ရုံး၌ ပြည်ထောင်စုနယ်မြေရှိ ဒုတိယဦးစီးမှူးနှင့်အထက်အဆင့် ဝန်ထမ်းဦးရေ(၆၀)အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

  • ဌာနတွင်း စစ်ဆေးရေးနှင့် ပတ်သက်သော အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အစိုးရကဏ္ဍ တွင် အသုံးပြုနေသော ဌာနတွင်းစစ်ဆေးရေးပညာရပ်ကို မိတ်ဆက်ရန်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနအတွင်း ဌာနတွင်းစစ်ဆေးရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံသဘောတရားများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဌာနတွင်း စာရင်းစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲ(Internal Audit Workshop) ကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲ တွင် ယနေ့ ၂-၈-၂၀၁၈ နံနက် ၉:၃၀ နာရီ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မြမြဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  • ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခမ်းမတွင် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး၊ ဦးနေလင်းစိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးထင်လင်းကျော် တို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူး(၄၀)ဦးနှင့် အခွန်ထမ်းပြည်သူ (၁၅၁) ဦး စုစုပေါင်း (၁၉၁)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များ ဦးစီးဌာန

    အောင်ဘာလေသိန်းဆု ဌာနခွဲ

    ကြေညာချက်

    (၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက် )

    ၁။        စက်တင်ဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၁၈)ကြိမ်မြောက် ကျပ် (၅၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် ၁-၈-၂၀၁၈ ရက်နေ့ နေ့လည် ၂:၀၀ နာရီ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအား ကျင်းပခဲ့ရာ ပြည်တွင်းအခွန် များဦးစီးဌာန ရုံးအမှတ် ၄၆ ရှိ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် မြို့နယ်အခွန် ဦးစီးဌာနမှူးသင်တန်း အမှတ်စဉ်(၆၃)မှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ဝန်ထမ်း အင်အား (၄၃၃)ဦး တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် စီမံရေးရာဌာနခွဲညွှန်ကြားရေးမှူးက စီမံရေးရာနှင့် သက်ဆိုင်သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ ရာထူးတိုးမြှင့်ခြင်းကိစ္စအား ရှင်းလင်းပြောကြား ခဲ့ပါသည်။

  • ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့် အမှတ် ၃၈၄ ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ (၁၇)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ယနေ့ ၁-၈-၂၀၁၈ ရက်နေ့ နံနက် ၈:၀၀ နာရီမှ ၁၀:၁၅ နာရီအထိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ထီဖွင့်ပွဲ၌ ကျပ် သိန်း တစ်သောင်းဆုကြီးအပါအဝင် ထီဆုမဲပေါင်း (၁၂၄၁၈၂) ဆုအား ဖွင့်လှစ်ပေးခဲ့ပါသည်။

    ယခု (၁၇)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ မှ ထွက်ရှိလာသော ကျပ်သိန်း တစ်သောင်းမှ ကျပ်သိန်း တစ်ရာအထိ ဆုမဲများကို ၂-၈-၂၀၁၈ ရက်နေ့ ရုံးချိန်အတွင်း စတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး ကျန်ဆုမဲများအားလုံးကို ၁၃-၈-၂၀၁၈ ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၁-၈-၂၀၁၈ ရက်နေ့ နံနက် ၀၈:၃၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၉)ပတ်ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့် သင်တန်းသားဦးရေမှာ (၈၀)ဦးဖြစ်ပါသည်။

     

Pages