•  

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးလိုသူများကိုအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း                              

     

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပေးကြေညာချက်

    (Service Charges များအပါအဝင် စုစုပေါင်းရငွေ/ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန်ကိစ္စ)

     

        ၁။    ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ) ၌ ဝန်ဆောင်မှုဆောင်ရွက် သူက ကုန်သွယ်လုပ်ငန်းခွန် မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကိုရယူသူထံမှ အခွန်ကိုတစ်ပါ တည်း ကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

  •    နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံတကာ Extractive Industries Transparency Initiative - EITI အတွင်းရေးမှူးရုံးမှ ကနဦးအကဲဖြတ်သည့်အဖွဲ့သည် မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ် အကောင် အထည်ဖော်နေမှု အခြေအနေအား သိရှိနိုင်ရန်အတွက် ကနဦးအကဲဖြတ်ဆန်းစစ်ခြင်းအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၀-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ EITI နှင့်စပ်လျဉ်း၍ ဆောင်ရွက် နေသည့် EITI လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၆)ဦး တက်ရောက်ခဲ့ကြပါသည်။

  •    နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၀-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် တည်ဆဲဥပဒေအရ ကျသင့်မည့် အထူးကုန်စည်ခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက် အကျိုးရှိပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် မျှတသော အခွန်စနစ်ဖြစ်စေရေး မူဝါဒချမှတ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

       အဆိုပါအစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)မှတာဝန်ရှိသူများ၊ Oil & Gas Planning Department(OGPD)မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  •    နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၉-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Myanmar Public Finance Management Project (MPFMp) ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်စီစဉ်ထားသော လုပ်ငန်းဆောင်ရွက်မှု များအားလုံး ပြီးမြောက်အောင်မြင်စေရေးတို့အတွက် ရည်ရွယ်၍ လာရောက်သည့် ကမ္ဘာ့ဘဏ်၏ MPFMP Implementation Support Mission နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

       အဆိုပါအစည်းအဝေးတွင် MPFMp ၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် World Bank မှ Mr. Atul B Deshpande နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး DFID မှ တာဝန်ရှိသူများ၊ DFAT မှ တာဝန်ရှိသူများ၊ Denmark မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  •  

                            ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာန သံတောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ရုံးသစ်ဖွင့်ပွဲကို ယနေ့ ၈-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ကရင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။ 

  •         ပဲခူးတိုင်းဒေသကြီး (၂၇)မြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်းများအား ၁၁-၆-၂၀၁၈ မှ ၁၁-၇-၂၀၁၈ ရက်နေ့အထိ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားများကို  ကျင်းပပြုလုပ်ခဲ့ ပါသည်။

  •  

                 နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်          ၇-၈-၂၀၁၈ ရက်နေ့  နံနက် ၁၀:၀၀ နာရီ၌ ODA Loan Project များဖြင့် အကူအညီရယူ ဆောင်ရွက်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့များ စသည့် အစိုးရဌာနနှင့် ကော်မတီများသည် အခွန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် JICA မြန်မာ ရုံးခွဲတို့ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးပွဲအား စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages