• နေပြည်တော် သြဂုတ်လ  ၁၇

              နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် ၁၇-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂၀:၀၀ နာရီ၌ ITAS (Integrated Tax Administration System) စနစ်အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများရှင်းလင်းခြင်း အခမ်းအနားသို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း (အခွန်ကြီးကြပ်)မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

              အဆိုပါ အခမ်းအနားတွင် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်မှ ITAS (Integrated Tax Administration System) စနစ်အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၃၅၇)ဦး တက်ရောက်လေ့လာခဲ့ပါသည်။

  • နေပြည်တော် သြဂုတ်လ  ၁၆

                  နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၆-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ အာရှ-ပစိဖိတ် တာဝန်ခံ Mr Juantora နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် Mr.Gregory Topping (IMF Resident Revenue Advisor)တို့ တွေ့ဆုံ၍ ကာလလတ် အခွန်မြှင့်တင်ရေးစီမံချက်ရေးဆွဲရေး (Medium Term Revenue Strategy) ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

  • နေပြည်တော်၊ သြဂုတ်လ  ၁၅

                 ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ လေ့ကျင့်ရေး သင်တန်းခန်းမတွင် ၁၅-၈-၂၀၁၈ ရက်နေ့မှ ၁၇-၈-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးခိုင်လျှံကျင့်ထန်က ဦးဆောင်၍  ဆွေးနွေးခဲ့ပါသည်။

  •      ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းခြင်းနှင့် အခွန်ပညာပေး ဆွေးနွေးခြင်းကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ အစည်းအဝေးခန်းမတွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)  ဌာနမှူး၊ ဦးထွန်းသန်းမှ ကြီးမှူးကျင်းပခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စိန်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၃၄၁ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၅-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ Professor Robert Conrad ၊ Matthew Hamilfon၊ ဦးအာကာဟိန်း တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်မူဝါဒနှင့်သုတေသန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေးနှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျံကျင့်ထန်တို့ တွေ့ဆုံ၍ အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၅-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Myanmar Public Finance Management Project (MPFMp) ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်စီစဉ်ထားသော လုပ်ငန်းဆောင်ရွက်မှုများအားလုံး ပြီးမြောက် အောင်မြင်စေရေးတို့အတွက် ရည်ရွယ်၍ လာရောက်သည့် ကမ္ဘာ့ဘဏ်၏ MPFMP Implementation Support Mission နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် MPFMp ၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် World Bank မှ Mr. Atul B Deshpande နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး DFID မှ တာဝန်ရှိသူများ၊ DFAT မှ တာဝန်ရှိသူများ၊ Denmark မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages