• ရန်ကုန်     သြဂုတ်လ    ၂၃ 

           Data Center နှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ထိန်းသိမ်း နိုင်ရန်အတွက် FPT Information System မှ ကြီးမှူးကျင်းပသော Centralized Training ကို  နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမ၌ ၁၅-၈-၂၀၁၈ ရက်နေ့မှ ၃၀-၈-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါ သင်တန်းသို့ စာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ သင်တန်း သား/သင်တန်းသူ (၁၂)ဦး တက်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

     

  • ရန်ကုန် သြဂုတ် လ ၂၁

              ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံး(၁)၏ အစည်းအဝေးခန်းမတွင် အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၁-၈-၂၀၁၈ ရက်နေ့ ညနေ ၄:၃၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ အခွန်ထမ်းကြီး များဆိုင်ရာအခွန်ရုံး ဌာနမှူး ဦးတက်ထွဋ်အောင်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁) ဌာနမှူး ဒေါ်ခင်ယမုန်အောင်၊  ပြည်တွင်းပြည်ပမှ သင်တန်းဆရာ/ဆရာမများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၃၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

  •       ရန်ကုန်     သြဂုတ်လ    ၂၃ 

              ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှု အခြေအနေအား အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ရန် ရည်ရွယ်၍ အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Revenue Forecasting Workshop)ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမ၌ ၂၃-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် World Bank မှ Economic Analyst Mr. Thanapat Reungsri နှင့် IMF မှ Policy and Legal Adviser Mr. Michael Oomen တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာန အခွန်မူဝါဒနှင့်သုတေသနဌာနခွဲနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ အရာထမ်း/အမှုထမ်း (၁၁)ဦးတို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  •       ရန်ကုန်     သြဂုတ်လ    ၂၃ 

     

              ဟိုတယ်/တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ ရေးဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ အစည်းအဝေးခန်းမ တွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၂) ဌာနမှူး၊ ဦးထွန်းသန်းမှ ကြီးမှူးကျင်းပခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၂) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

    အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၄၁ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  •       ရန်ကုန်     သြဂုတ်လ    ၂၃ 

          နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၂၃-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀နာရီ၌ USOTA မှ Mr. Thomas Mc Murray JICA မှ Mr. Tetsuya Kuge USOTA မှ Ms. Claritha Nichol တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်တို့ တွေ့ဆုံ၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်နည်းပညာအကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

     

  • မြစ်ကြီးနား     သြဂုတ်လ    ၂၀  

      မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ အထူးကုန်စည်ခွန်နှင့် အခွန်ဆိုင်ရာသိကောင်း စရာများ ရှင်းလင်းပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ စုပေါင်းရုံး၌ ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်း တို့မှ ဟောပြောရှင်းလင်းခဲ့ကြပါသည်။

      အဆိုပါ ရှင်းလင်းဟောပြောပွဲသို့  ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ယစ်မျိုးလိုင်စင် ရယူထားသူများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ စုစုပေါင်း(၉၅)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

     

  • နေပြည်တော် သြဂုတ်လ ၁၆ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၁၅၃၃.၁၄၈ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၇၃% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၈၇.၇၆၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၃၉၈ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၂၄၄.၉၈၄ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

    ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးခြင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၅၈၀.၈၁၃ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈.၅၈၃ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၃၆၂.၆၁၈ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၈.၂၄၆ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ၃၂.၈၈၈ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။

Pages