• အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ Ms. Margaret Cotton ဦးဆောင်သောအဖွဲ့သည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအား ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာအကူအညီများပေးရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)တို့အား      ၈-၅-၂၀၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

  • ရန်ကုန်မြို့၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းခန်းမတွင် ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက် နေ့၌ မြန်မာနိုင်ငံစာရင်းကိုင်အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်းတို့က ကြီးမှူးကျင်းပသည့် စာရင်း ကိုင်ဆွေးနွေးပွဲ (MICPA Seminar)သို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမင်းလွင်ဦး တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဦးဝင်းသင် (Win Thin and Associates) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရင်းကိုင်အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်းတို့၏ အသင်းဝင်များ ကုမ္ပဏီစာရင်းကိုင်/စာရင်းစစ်များနှင့်ကုမ္ပဏီလုပ်ငန်းရှင်များ အပါအဝင် အင်အား  ၇၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • MINISTRY OF PLANNING AND FINANCE

    INTERNAL REVENUE DEPARTMENT

    NOTICE FOR FILING RETURN, ANNUAL SALARY RETURN AND FURNISHING COMMERCIAL TAX ANNUAL RETURN

    1. Filing Return of Income

  •  

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အခွန်တံဆိပ်ခေါင်းဝယ်ယူမှုနှင့်စပ်လျဉ်း၍ အများပြည်သူများသိစေရန်

    ထပ်မံအသိပေးကြေညာခြင်း

     

    ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း၊ နေပြည်တော်နှင့် ရန်ကုန် တံဆိပ်ခေါင်းအရောင်းကောင်တာများတွင်လည်းကောင်း၊ တံဆိပ်ခေါင်းများကို အများပြည်သူ သို့ ရောင်းချပေးလျက်ရှိပါသည်။

Pages

  • 1
  • 2