ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယဦ:စီးမှူးရာထူး(၁၄၁)နေရာ ရွေးချယ်ခန့်ထားရေးအရည်အချင်းစစ်

စာမေးပွဲဖြေဆိုမည့်သူများ လိုက်နာရန်စည်းကမ်းချက်များ

 

( ၁ )   စာမေးပွဲ ဖြေဆိုသူများသည် သရုပ်ပျက်အဝတ်အစားများ ဝတ်ဆင်မလာရ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဝတ်အစားများသာ ဝတ်ဆင်လာရမည်။

( ၂)    ဖြေဆိုရန်သတ်မှတ်ထားသည့် စာမေးပွဲခန်းသို့ သတ်မှတ်ထားသည့် အချိန်ထက်(၅) မိနစ်စော၍ ရောက်ရှိရမည်။

( ၃ )   စာမေးပွဲခန်းအတွင်းသို့ (၁၅)မိနစ်ထက် နောက်ကျ၍ ရောက်ရှိလာသူများအား အကြောင်းခိုင်လုံစွာ မတင်ပြနိုင်လျှင် ဖြေဆိုခွင့်မပြုပါ။

( ၄ )   ထုတ်ပေးထားသည့် ယှဉ်ပြိုင်ဖြေဆိုသူ၏ ဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို တစ်ပါတည်း ယူဆောင်လာရမည်။

( ၅ )  ဖြေဆိုခွင့်ကတ်ပြားကို စာမေးပွဲခန်းကြီးကြပ်သူထံပေးအပ်၍ ယှဉ်ပြိုင်ဖြေဆိုသူမှတ်တမ်းတွင် လက်မှတ်ရေးထိုးရမည်။

( ၆ )  အဖြေလွှာတွင် တပ်ထားသော စာရွက်ငယ်ပေါ်တွင်သာ ခုံအမှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာနှင့်  ဖြေဆိုသည့်ဘာသာရပ်တို့ကို ရေးသားရမည်။ အဖြေလွှာပေါ်တွင်ပါရှိသည့် စက်ဝိုင်း များအတွင်း မည်သည့်အမှတ်အသားကိုမျှ ရေးမှတ်ခြင်းမပြုရ။ အဖြေလွှာ၏ ရှေ့ဆုံးစာမျက်နှာတွင် ဖြေဆိုခြင်း၊ မှတ်သားခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရ။ လိုက်နာခြင်းမရှိပါက အဆိုပါအဖြေလွှာအား စစ်ဆေးခြင်းမပြုဘဲ ပယ်ဖျက်ခြင်းခံရမည်။

 ( ၇ )  စာမေးပွဲခန်းအတွင်းသို့ Hand Phone များ ၊ MP 3/ MP 4  အစရှိသည့် Electronic နှင့် ဆိုင်သည့် ပစ္စည်းများ၊ မည်သည့်စာရွက်စာတမ်း၊ အမှတ်အသားကိုမျှ ယူဆောင်လာခြင်းမပြုရ။

( ၈ )  စာမေးပွဲခန်းအတွင်းသို့ ဘော့လ်ပင်မင်အနက်(သို့မဟုတ်)အပြာရောင်၊ ခဲတံ ပေတံ နှင့် ခဲဖျက် တို့သာ ယူဆောင်လာရမည်။

( ၉ )  စာမေးပွဲခန်းအတွင်း ဖြေဆိုသူအချင်းချင်း စကားပြောဆိုခြင်း၊ တစ်စုံတစ်ခုသောနည်းဖြင့် တစ်ဦးနှင့် တစ်ဦး ကူးယူစေရန် ဆက်သွယ်ဖန်တီးခြင်း မပြုလုပ်ရ။

( ၁၀ ) စာမေးပွဲဖြေဆိုရာတွင် မရိုးမသားဖြေဆိုခြင်း၊ အချင်းချင်းမေးမြန်းပြောဆိုခြင်း၊ ကူးယူခိုးချခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာရာတွင် ရေးမှတ်ခြင်း စသည့် မသမာသောနည်းလမ်း တစ်ခုခုဖြင့် ပြုမူဆောင်ရွက်နေကြောင်း ထင်ရှားစွာ တွေ့ရှိပါကစာမေးပွဲဖြေဆိုနေခြင်းမှ ချက်ချင်းရပ်ဆိုင်းပြီး စာမေးပွဲခန်းအတွင်းမှ ထုတ်ပယ်ခြင်း ခံရမည်။

( ၁၁ ) စာမေးပွဲ ဖြေဆိုရာတွင် မရှင်းလင်းသည့်အချက်များကို စာမေးပွဲအခန်းစောင့်ထံ မေးမြန်းလိုပါက မတ်တတ်ရပ်၍ ပွင့်လင်းမြင်သာစွာ မေးမြန်းရမည်။

( ၁၂ ) အချိန်စေ့၍ စာမေးပွဲဖြေဆိုခြင်းအား ရပ်ဆိုင်းရန် စာမေးပွဲခန်းကြီးကြပ်သူမှ အသိပေးက စာမေးပွဲ ဖြေဆိုနေခြင်းအား ချက်ချင်းရပ်ဆိုင်းရမည်။

(၁၃)  အဖြေလွှာ၏ ရှေ့မျက်နှာစာတွင် တပ်ထားသော တာဝန်ခံညွှန်ကြားရေးမှူး လက်မှတ် မပါရှိပါက စာမေးပွဲ ခန်းကြီးကြပ်သူထံ ချက်ချင်းအသိပေးရမည်။

(၁၄)  စာမေးပွဲခန်းသို့ အရက်သေစာသောက်စားမူးယစ်၍ လာရောက်ဖြေဆိုခြင်း မပြုရ။

(၁၅)  စာမေးပွဲဖြေဆိုချိန် တဝက်မကျော်မီ ပြင်ပသို့ ခေတ္တထွက်ခြင်း၊ အပြီးထွက်ခြင်းကို ခွင့်မပြုပါ။

( ၁၆ ) စာမေးပွဲဖြေဆိုသူများသည် စာဖြေခန်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်များစွန့်ပစ်ခြင်း၊ စက္ကူ၊ စာရွက်စာတမ်းများစွန့်ပစ်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရ။

စာမေးပွဲကြီးကြပ်စစ်ဆေးရေးအဖွဲ့

 

 

PDF Upload:
AttachmentSize
PDF icon လမ်းညွှန်မြေပုံ541.29 KB