• အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေးဆပ်ကော်မတီ

    ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

     

    ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန သင်တန်းခန်းမတွင် ၂၆-၇-၂၀၁၈ နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း အခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးခိုင်လျံကျင့်ထံက ဦးဆောင်၍  ဆွေးနွေးခဲ့ပါသည်။

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အောင်ဘာလေ သိန်းဆုဌာနခွဲ

    ကြေညာချက်

    (ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

    ၁။ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲသည် ကျပ် ၅၀၀/- တန် အောင်ဘာလေ  သိန်းထီလက်မှတ်များကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ရောင်းချသွားမည်ဖြစ်ရာ ထီစာအုပ် ဝယ်ယူရောင်းချသူများအနေဖြင့် အောက်ပါအချက်များနှင့်အညီ ဆောင်ရွက်ကြရန် ကြေညာအပ်ပါသည် -

  • နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

     

                           ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC ) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၄-၇-၂၀၁၈ ရက်နေ့ နေ့လည် ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

  • ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

                   ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃)ခန်းမတွင် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃)၊ ဌာနမှူး၊ ဒေါ်သီတာဝင်းမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၂၄၈ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး() သို့ သွားရောက်

    စစ်ဆေးခြင်း

     

                   ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂၀-၇-၂၀၁၈ ရက်နေ့ တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၃)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းရုံးရှိ ဝန်ထမ်းအားလုံးနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေးမှာကြားခဲ့ပါသည်။

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များဦးစီးဌာန

    အခွန်တံဆိပ်ခေါင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်ကြောင်း

    အသိပေးကြေညာချက်

  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၈-၇-၂၀၁၈ ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူ များနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်း ဆင်းပွဲအမှာစကား ပြောကြား၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၈-၇-၂၀၁၈ ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူ များနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်း ဆင်းပွဲအမှာစကား ပြောကြား၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

  • ၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ ၁၃-၇-၂၀၁၈ ရက်နေ့ နေ့လည် ၁၅: ၂၅ နာရီအချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ အစည်း အဝေးခန်းမ၌ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများဆွေးနွေးခဲ့ပါသည်။

    ၂။ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ပါသည်။

Pages