• အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် လွှတ်တော်ဝင်း သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဌနှင့် ကော်မတီအတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် တာဝန်ရှိသူများ၊ IMF ဌာနနေကိုယ်စားလှယ် Mr. Yasuhisa Ojima ၊ စီးပွားရေးပညာရှင် ဦးခိုင်ထွန်း၊ အကြံပေးများဖြစ်သော New Zealand နိုင်ငံမှ Mr.

  • နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၁-၅-၂၀၁၈ ရက်နေ့ နံနက် ၀၈း၀၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ၂၁-၅-၂၀၁၈ ရက်နေ့မှ ၂၀-၇-၂၀၁၈ ရက်နေ့အထိဖြစ်ကာ တက်ရောက်မည့် သင်တန်းသားဦးရေ (၈၀)ဦးဖြစ်ပါသည်။

  • ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယဦ:စီးမှူးရာထူး(၁၄၁)နေရာ ရွေးချယ်ခန့်ထားရေးအရည်အချင်းစစ်

    စာမေးပွဲဖြေဆိုမည့်သူများ လိုက်နာရန်စည်းကမ်းချက်များ

     

    ( ၁ )   စာမေးပွဲ ဖြေဆိုသူများသည် သရုပ်ပျက်အဝတ်အစားများ ဝတ်ဆင်မလာရ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဝတ်အစားများသာ ဝတ်ဆင်လာရမည်။

    ( ၂)    ဖြေဆိုရန်သတ်မှတ်ထားသည့် စာမေးပွဲခန်းသို့ သတ်မှတ်ထားသည့် အချိန်ထက်(၅) မိနစ်စော၍ ရောက်ရှိရမည်။

    ( ၃ )   စာမေးပွဲခန်းအတွင်းသို့ (၁၅)မိနစ်ထက် နောက်ကျ၍ ရောက်ရှိလာသူများအား အကြောင်းခိုင်လုံစွာ မတင်ပြနိုင်လျှင် ဖြေဆိုခွင့်မပြုပါ။

    ( ၄ )   ထုတ်ပေးထားသည့် ယှဉ်ပြိုင်ဖြေဆိုသူ၏ ဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို တစ်ပါတည်း ယူဆောင်လာရမည်။

  • ရန်ကုန်မြို့ Novotel Hotel တွင် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့၌  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူးကျင်းပသည့် Yangon Investment Forum 2018 သို့  ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦး တက်ရောက်၍  Discussion on the Investment Framework in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် Panel discussion တွင် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

Pages