• ၁။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၃-၇-၂၀၁၈ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံခြင်း တွက်ချက်မှုစနစ်ပုံစံနှင့် ပြည်ထောင်စု အခွန်အကောက်ဥပဒေအတွက် အရေးပါသော မူဝါဒဆိုင်ရာ အကြံပြုချက် ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်

    ။ ၂။ အဆိုပါဆွေးနွေးပွဲသို့ Cape Town University မှ ကျွမ်းကျင်ပညာရှင် Dr. Laura နှင့် Southeast Asia Tobacco Control Alliance (SEATCA) မှ ကိုယ်စားလှယ် (၂)ဦး ၊ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်နှင့် အဖွဲ့ဝင် (၁၁)ဦး၊ ပြည်တွင်းအခွန်များဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့်နှင့် အရာထမ်း/အမှုထမ်း (၁၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

    ပြည်တွင်းအခွန်များ ဦးစီးဌာန

    အောင်ဘာလေသိန်းဆု ဌာနခွဲ

    ကြေညာချက်

    (၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက် )

    ၁။ သြဂုတ်လ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၁၇)ကြိမ်မြောက် ကျပ် (၅၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

  • လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် အသုံးပြုသည့် ပြည်တွင်းထုတ်နှင့် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်ပြုပေးထားခြင်းအား သိရှိနိုင်ပါရန် ကြေညာခြင်း

    ပြည်တွင်းထုတ်နှင့် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအနက် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် အသုံးပြုသည့် မော်တော်ယာဉ်များအပေါ် တည်ဆဲ အခွန်ဆိုင်ရာဥပဒေများအရ အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်များကို အောက်ပါအတိုင်း ခွင့်ပြုထားပါကြောင်း အသိပေးအပ်ပါသည်-

    (က)    ဝင်ငွေခွန်ကင်းလွတ်ခွင့်

Pages