• နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၁-၅-၂၀၁၈ ရက်နေ့ နံနက် ၀၈း၀၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ၂၁-၅-၂၀၁၈ ရက်နေ့မှ ၂၀-၇-၂၀၁၈ ရက်နေ့အထိဖြစ်ကာ တက်ရောက်မည့် သင်တန်းသားဦးရေ (၈၀)ဦးဖြစ်ပါသည်။

  • ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယဦ:စီးမှူးရာထူး(၁၄၁)နေရာ ရွေးချယ်ခန့်ထားရေးအရည်အချင်းစစ်

    စာမေးပွဲဖြေဆိုမည့်သူများ လိုက်နာရန်စည်းကမ်းချက်များ

     

    ( ၁ )   စာမေးပွဲ ဖြေဆိုသူများသည် သရုပ်ပျက်အဝတ်အစားများ ဝတ်ဆင်မလာရ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဝတ်အစားများသာ ဝတ်ဆင်လာရမည်။

    ( ၂)    ဖြေဆိုရန်သတ်မှတ်ထားသည့် စာမေးပွဲခန်းသို့ သတ်မှတ်ထားသည့် အချိန်ထက်(၅) မိနစ်စော၍ ရောက်ရှိရမည်။

    ( ၃ )   စာမေးပွဲခန်းအတွင်းသို့ (၁၅)မိနစ်ထက် နောက်ကျ၍ ရောက်ရှိလာသူများအား အကြောင်းခိုင်လုံစွာ မတင်ပြနိုင်လျှင် ဖြေဆိုခွင့်မပြုပါ။

    ( ၄ )   ထုတ်ပေးထားသည့် ယှဉ်ပြိုင်ဖြေဆိုသူ၏ ဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို တစ်ပါတည်း ယူဆောင်လာရမည်။

  • ရန်ကုန်မြို့ Novotel Hotel တွင် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့၌  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူးကျင်းပသည့် Yangon Investment Forum 2018 သို့  ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦး တက်ရောက်၍  Discussion on the Investment Framework in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် Panel discussion တွင် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

  • အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ Ms. Margaret Cotton ဦးဆောင်သောအဖွဲ့သည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအား ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာအကူအညီများပေးရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)တို့အား      ၈-၅-၂၀၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Pages