၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်၊၊                          'ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို ဆောင်ရွက်မသွား နိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရအား ကျသင့်သော အခွန်ဘဏ္ဍာငွေများကို ကြည်သာပျူငှာစွာ ပေးဆောင် ခြင်းသည်ပင် လွတ်လပ်သော လူမျိုးအဖြစ်ကို ထင်ရှားစေသော မှတ်ကျောက်ဖြစ်ပေသည်'ဟု ဗိုလ်ချုပ်အောင်ဆန်းမှ အခွန်အကောက်နှင့်ပတ်သက်၍ ၂၁-၃-၁၉၄၇ နေ့တွင် မိန့်ကြားခဲ့သည်။                           နိုင်ငံတာဝန်ကျေပွန်ဖို့ရေး ကျသင့်အခွန်မှန်မှန်ပေး     ၊၊     အခွန်ဆောင်ထားနိုင်ငံသား လေးစားသမှုတို့ဂုဏ်ပြု     ၊၊     နိုင်ငံကြီးသားပီသစွာ အခွန်ထမ်းဆောင်တာ စားသုံးပြီးက၊ ပြေစာဖြတ် အခွန်ပါပြီးမှတ် ၊၊
အခွန်ပေးဆောင်ရန်ကျန်ရှိနေသည့်အခွန်ထမ်းများသိစေရန် အသိပေးကြေညာခြင်း

ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနတွင်တစ်ဦးချင်းပုဂ္ဂိုလ်များ၊ပုဂ္ဂိုလ်စုများ၊ ကုမ္ပဏီများမှ ပေးဆောင်ရန် ကျန်ရှိသည့် နှစ်အဆက်ဆက်အခွန်မပြေကျန်ငွေများကျန်ရှိလျက်ရှိပါသည်။ ယင်းအခွန်မပြေကျန်ငွေများကိုဥပဒေနှင့်အညီပေးဆောင်လာစေရေးအတွက် အကြိမ်ကြိမ်စည်းရုံးနှိုးဆော် ၍ကောက်ခံလျက်ရှိသော်လည်း အချို့သောအခွန်ထမ်းများအနေဖြင့် အခွန်မပြေကျန်ငွေများ ပေးဆောင်ရန် ဆက်လက်ပျက်ကွက်လျက်ရှိပါသည်။အဆိုပါပျက်ကွက်သူများအား သတ်မှတ်ပေးထားသည့်အချိန်အတွင်း ပေးဆောင်ခြင်းမရှိပါက တည်ဆဲဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မများနှင့်အညီတရားစွဲဆိုအရေးယူဆောင်ရွက် ခြင်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ပြည်တွင်းအခွန်များဦးစီးဌာနသို့ပေးဆောင်ရန်အခွန်ကြွေးကျန်ရှိသည့်အခွန်ထမ်းများအနေဖြင့်သတ်မှတ်ရက်အတွင်းမပျက်မကွက်လာရောက်ပေးဆောင်ပါရန်နှင့်ဆက်လက်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါ သည်။

More Detail
တံဆိပ်ခေါင်းခွန်ထမ်းဆောင်ကြရန်အသိပေးနှိုးဆော်ချက်

တံဆိပ်ခေါင်းခွန်ထမ်းဆောင်ကြရန်အသိပေးနှိုးဆော်ချက် ၁။ မိဘပြည်သူများအနေဖြင့် အစိုးရဌာနများနှင့်လည်းကောင်း ၊ ပုဂ္ဂလိကအချင်းချင်းကြားတွင်လည်း ကောင်း တံဆိပ်ခေါင်းခွန်ထိုက်တန်သည့်စာချုပ်စာတန်းများကိုချုပ်ဆိုရာတွင်စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ချုပ်ဆို သည့်အခါ၌ဖြစ်စေတံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဟု မြန်မာနိုင်ငံတံဆိပ်ခေါင်းအပ်ဥပဒေတွင် ပြဌာန်းပါ ရှိပါသည်။ ၂။ တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းပေါ်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်းမရှိလျှင် အဆိုပါစာချုပ်စာတမ်းကို သက်သေခံအဖြစ်လက်ခံခြင်း၊မှတ်ပုံတင်ပေးခြင်း၊ မှန်ကန်ကြောင်းအသိမှတ်ပြု သက်သေခံလက်မှတ်ရေးထိုးပေးခြင်းစသည်တို့ကိုသက်ဆိုင်ရာဌာနတို့ကဆောင်ရွက်ပေးမည်မဟုတ်ပါ။ ၃။ စာချုပ်စာတမ်းတစ်စုံတစ်ရာပေါ်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်မထားခြင်း သို့မဟုတ် ထိုက်သင့် သည့်တံဆိပ်ခေါင်းပမာဏ အပြည့်အဝထမ်းဆောင်ထားမှုမရှိခြင်းကိုစိစစ်တွေ့ရှိရလျှင် ထပ်မံထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်ပမာဏအပြင်ယင်း၏၁၀ဆနှင့်ညီမျှသောငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်ပြီးမှသာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၄။ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို မည်သူကပေးဆောင်ရမည်၊မည်သည့်စာချုပ်စာတမ်းအမျိုးအစား အတွက်တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရမည်တို့ကိုပြည်တွင်းအခွန်များဦးစီးဌာန၏အင်တာနက်စာမျက်နှာ www.irdmyanmar.gov.mm တွင်လည်းကောင်း၊မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးတွင် လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။ ၅။ သို့ဖြစ်ပါ၍ မိမိတို့၏ စာချုပ်စာတမ်းများကို ဥပဒေနှင့်အညီ သက်သေခိုင်မာစေရေးအတွက် စာချုပ်စာတမ်းများအပေါ်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် အပြည့်အဝထမ်းဆောင်စေရေး အလေးထား လိုက်နာဆောင်ရွက်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန

More Detail
အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်လုပ်ဆောင်ပုံနှင့်အခြားသတင်းအချက်အလက်များ

ပြည်တွင်အခွန်များဦးစီးဌာနအနေဖြင့်ခေတ်မီပြီးစွမ်းဆောင်ရည်မြင့်မားသောအခွန်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်စေရန်မျှော်မှန်းချက်နှင့်အညီအခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်း များအားဆောင်ရွက်လျက်ရှိရာအခွန်ထမ်းပြည်သူများအားအခွန်ရုံးစည်ကြပ်သည့်စနစ်(OAS)မှအခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်(SAS)သို့ပြောင်းလဲကျင့်သုံးခြင်းကို အခွန်ထမ်းကြီး များဆိုင်ရာအခွန်ရုံးအား (၁.၁.၂၀၁၅)ရက်နေ့မှစတင်ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိပါသည်။

More Detail
အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အပေါ် အခွန်ပေးဆောင်မှုအခြေအနေ

ပြည်တွင်းထုတ် အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့ အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ တည်ဆဲအခွန်ဥပဒေများအရကောက်ခံလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ပထမ(၆)လပတ်အထိ အခွန်ငွေပေးဆောင်ပြီးစီးမှု အခြေအနေအား အများပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ဌာန၏ Website ဖြစ်သည့် www.irdmyanmar.gov.mm တွင် Downloads Page ၏ Tax Form Sub Page တွင် ဝင်ရောက် download ရယူကြည့်ရှုနိုင်ပါသည်

More Detail
အခွန်ထမ်းပြည်သူများမှ အမေးများသောမေးခွန်းများ အတွဲ-၃

အခွန်ထမ်းပြည်သူများမှ အမေးများသောမေးခွန်းများ အတွဲ-၃ ကို Tax Procedure နှင့် Download Page ရှိ Tax Form Subpage တွင် download ရယူကြည့်ရှုနိုင်ပါသည်။

More Detail
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ တို့၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းရောင်းဝယ် တည်ဆောက်မှု လုပ်ငန်းများအပေါ်တန်ဖိုးသတ်မှတ်သည့် စံနှုန်းများ

တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ တို့၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းရောင်းဝယ် တည်ဆောက်မှု လုပ်ငန်းများအပေါ်တန်ဖိုးသတ်မှတ်သည့် စံနှုန်းများကို Download Page ၏ Tax Form Subpage တွင် ဝင်ရောက် Download ရယူကြည့်ရှုနိုင်ပါသည်။

More Detail
အထူးကုန်စည်ခွန်

အထူးကုန်စည်ခွန်ပေးဆောင်မည့်အခွန်ထမ်းများ၊ အထူးကုန်စည်ခွန်များအား ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် အထူးကုန်စည်ခွန်နှင့် ပတ်သတ်၍ သိရှိလိုက်နာရမည့်အချက်များကို Tax Laws and Knowledge ၏ Laws and Notification အောက်ရှိ Commercial Tax Law တွင် ဖော်ပြထားပါသည်။

More Detail
၂၀၁၅-၂၀၁၆ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ လုပ်ငန်းရှင်များစာရင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ လုပ်ငန်းရှင် (၁၀၀၀) ဦး စာရင်း၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သူ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင် ( ၁၈၃ ) ဦး နှင့် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သူ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းရှင် ( ၁၅၇ ) ဦးစာရင်းအား http://www.irdmyanmar.gov.mm/Download.aspx တွင် ကြည့်ရှုနိုင်ပြီး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)၊ (၂)၊ (၃) ၊ တိုင်းဒေသကြီး / ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ ပြည်ထောင်စုနယ်မြေအခွန် ဦးစီးဌာနမှူးရုံးနှင့် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (ရန်ကုန် နှင့် မန္တလေး) များတွင်လည်း ကြေညာထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

More Detail
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများတွင် တာဝန်ယူဆောင်ရွက်ရမည့် အခွန်ထမ်းများသတ်မှတ်ခြင်း

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများတွင် တာဝန်ယူဆောင်ရွက်ရမည့် အခွန်ထမ်းများသတ်မှတ်ခြင်းအကြောင်း နှင့် အခြားအခွန်ထမ်းများသိရှိရန်လိုအပ်သည့် ဗဟုသုတများကို http://www.irdmyanmar.gov.mm/KnowledgeLaw.aspx ၏ Knowledge Tab အောက်တွင်ဝင်ရောက် Download ရယူကြည့်ရှုနိုင်ပါသည်။

More Detail
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ (ခ) အရ ငွေပေးချေမှုများအတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းငွေ (Withholding Tax) ပေးဆောင်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် ချလန်ပုံစံသတ်မှတ်ထုတ်ပြန်ခြင်း

အခွန်ထမ်း ပြည်သူများအနေဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ၏ စည်းမျဉ်း (၁၅) ပါ ပြဌာန်း သတ်မှတ်ချက်များနှင့်အညီ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ခ) ပါ သတ်မှတ်ချက်များကို လွယ်ကူစွာလိုက်နာဆောင်ရွက်နိုင်ရန် လစာခေါင်းစဉ်ဖြင့်ရရှိသော ဝင်ငွေမှအပ ကျန်ခေါင်းစဉ်များဖြင့် ရရှိသော ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေရန်အလို့ငှာ ပင်ရင်းမှနုတ်ယူထားသည့် အခွန်များကို ပေးဆောင်ရာတွင် အဆင်ပြေစေရန် ချလန်ပုံစံကို http://www.irdmyanmar.gov.mm/Download.aspx ၏ Tax Form Subpage တွင် ဝင်ရောက်၍ Download ရယူအသုံးပြုနိုင်ပါသည်။

More Detail
၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ၏ ဝင်ငွေခွန် / ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်သည့် မြန်မာကုမ္ပဏီ/ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင်များ စာရင်း

၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ၏ ဝင်ငွေခွန် ထမ်းဆောင်သည့် မြန်မာကုမ္ပဏီ လုပ်ငန်းရှင် (၉၂၇) ဦး၊ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင် (၄၃) ဦး နှင့် ကုန်သွယ်လုပ်ငန်းခွန်ထမ်းဆောင်သည့် မြန်မာကုမ္ပဏီ လုပ်ငန်းရှင် (၇၄၁) ဦး၊ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင်(၃၀) ဦး တို့၏စာရင်းများကို http://www.irdmyanmar.gov.mm/Download.aspx ၏ Tax Form Subpage တွင် ဝင်ရောက် Download ရယူကြည့်ရှုနိုင်ပါသည်။

More Detail
eFiling
Online Filing Service

Online Payment


နောက်ဆုံးသတင်း

ညွှန်ကြားရေးမှူးချုပ်၏ နှုတ်ခွန်းဆက်လွှာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ဌာနအနေဖြင့် ဖွဲ့စည်းပုံနှင့် အခွန်ဆိုင်ရာစီမံခန့်ခွဲမှုပုံစံတို့ကို အပြောင်းအလဲများ ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် အခွန်အရပ်ရပ်ကောက်ခံရန် လျာထားချက်ကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ခဲ့ပါသည်။ မိမိတို့ဌာနအနေဖြင့် နိုင်ငံတကာကျင့်စဉ်ကောင်း များကို ကျင့်သုံးလျက်ရှိသလို အခြားအခွန်ဌာနများ၏ အတွေ့အကြုံကောင်းများကိုလည်း လေ့လာ သင်ယူလျက်ရှိပါသည်။ မိမိအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခွန်ဥပဒေ ကို လေးစားလိုက်နာကြပြီး ထိုက်သင့်သည့်အခွန်ငွေများကို ပေးသွင်းခဲ့ကြသည့် အခွန်ထမ်းပြည်သူ များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖော်ပြအပ်ပါသည်။

Quick Download

Lottery Winning Prize

Advance Tax Invoice

Download Myanmar3

Visitor

168120
Visitor(s)
12
Online